အခုဇန်နဝါရီမှာ ဂျိုကာရက်စ် ကို အရခေါ်ယူဖို့ တောင်းဆိုထားတဲ့ မန်ယူအသင်းနည်းပြ အာမိုရင်


(အားကစား) ဇန်နဝါရီ ၃

မန်ယူအသင်းနည်းပြအာမိုရင်ဟာ အခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ အသင်းဟောင်း စပို့တင်း လစ္စဘွန်းအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ဂျိုကာရက်စ် ကို အရခေါ်ယူပေးဖို့ မန်ယူအသင်းဘုတ်အဖွဲ့ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဂျိုကာရက်စ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် အသင်းရဲ့အပြောင်းအရွှေ့ဘတ်ဂျက် သတ်မှတ်ချက်အရ အခုဇန်နဝါရီမှာ ခေါ်ယူဖို့ထက် လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှ ခေါ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ နည်းပြ အာမိုရင် လက်ထက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ ၅ ပွဲအထိရှုံးနိမ့်ထားခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၁၄) နေရာအထိရောက်ရှိနေပါတယ်။

ဂျိုကာရက်စ် ရဲ့ စာချုပ်ဖျက်သိမ်းကြေး သတ်မှတ်ချက်တွေအရ မန်ယူအသင်းဟာ ပေါင်သန်း ၈၀ ခန့် သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါကြောင့် သုံးစွဲငွေ ဘတ်ဂျက်များစွာမရရှိတဲ့ မန်ယူအသင်းဟာ ဂျိုကာရက်စ် ကိုခေါ်ယူဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို အရင်ရောင်းချပြီး ငွေရှာရဖွယ်ရှိနေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN