(ပြည်တွင်း) ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကုလကျေးရွာ (အ.ထ.က) စာသင်ကျောင်းဝင်းအတွင်း အကြမ်းဖက် PDF များ အင်အားစုဖွဲ့နေထိုင်ပြီး အပစ်မဲ့ပြည်သူများအား ဆက်ကြေးကောက်၊ ဓါးမြတိုက်၊ လူသတ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်းမှ ယမန်နေ့ည ၁၀ နာရီခွဲအချိန်က သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များက ကုလကျေးရွာအရှေ့ဘက် တာဘောင်ပေါ်မှနေ၍ အသင့်စောင့်ဆိုင်းပြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များမှလည်း ပြန်လည်နေရာယူပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးရာနောက်သို့ တပ်မတော်လေမှ လိုက်လံချေမှုန်းခဲ့ရာ အကြမ်းဖက်များ သေဆုံး/ထိခိုက်မှုများစွာရှိခဲ့ပြီး မိမိဘက်မှ ထိခိုက်မှုမရှိ ကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းစစ်ကြောင်းမှ စာသင်ကျောင်းနှင့် ကုလကျေးရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များ ခိုအောင်းခဲ့သော စာသင်ကျောင်းအတွင်း မှ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆီးရရှိခဲ့ကြောင်း သိရရှိသည်။
Telegram»…
https://t.me/positiveanglenews