ဟုမ္မလင်းမြို့၏ အရှေ့ဘက် (၄၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်


(မိုး/ဇလ) ဇန်နဝါရီ  ၃

ယနေ့ နံနက် ၁၁ နာရီ ၂ မိနစ်ခန့်က တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂)မိုင်ခန့်ကွာ၊ ဟုမ္မလင်းမြို့၏ အရှေ့ဘက် (၄၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရှိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၇)ဒီဂရီ၊ အနက် (၁၅၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

မိုး/ဇလ

Telegram»…
https://t.me/positiveanglenews

PAN