(အားကစား) ဇန်နဝါရီ ၃
အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိကကစားသမား ဆာကာ ကာလရှည်အနားယူရမယ့် အခြေအနေကြောင့် တိုက်စစ်ပိုင်း အတွက် PSG အသင်းမှ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား မူအာနီ ကို အငှားနဲ့ခေါ်ယူရန် အရှိန်အဟုန်မြင့် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းက PSG အသင်းမှာ ပုံမှန်နေရာမရဖြစ်နေတဲ့ မူအာနီ ကို စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်၊ အေစီမီလန်အသင်းများနှင့်အပြိုင် စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ မူအာနီ ကို အငှားခေါ်ယူနိုင်ပါက တစ်နှစ်လစာငွေဖြစ်တဲ့ ယူရို ၄ သန်း ပမာဏခန့် ကုန်ကျဖွယ်ရှိနေပါတယ်။
PSG အသင်းကလည်း မူအာနီကို အငှား သို့မဟုတ် အပြီးသတ်ရောင်းချသွားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။
မူအာနီ က အာဆင်နယ်နည်းပြ အာတီတာ နှစ်သက်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews