(နိုင်ငံတကာ) ဇန်နဝါရီ ၃
ထရမ့်ဟိုတယ်ရှေ့မှာ Cybertruck ကားနဲ့ ဗုံးခွဲခဲ့သူမှာ အမေရိကန် အထူးတပ်ဖွဲ့ရဲ့ စစ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။
အမေရိကန် အထူးတပ်ဖွဲ့ဝင်သည် ကားဗုံးဖောက်ခွဲမှုမပြုလုပ်မှီ မိမိကိုယ်ကို သေကြောင်းကြံခဲ့ကြောင်း လက်စ်ဗေးဂတ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ဗုံးဖောက်ခွဲမှုဟာ အသေခံဗုံးဖောက်ခွဲမှုလို့ ယူဆပါတယ်”ဟု တာဝန်ရှိသူများက ယူဆထားပြီး ဖောက်ခွဲမှုနှင့်ပတ်သက်သည့် နောက်ခံအကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။
စုံစမ်းစစ်ဆေးသူများသည် အဆိုပါပေါက်ကွဲမှုတွင် စစ်မှုထမ်း စီစစ်ရေးကတ်ပြား၊ နိုင်ငံကူးလက်မှတ်၊ ပစ္စတိုသေနတ် ၂ လက်နှင့် မိုဘိုင်းဖုန်းများ ရှာဖွေတွေ့ရှိထားကြောင်းသိရသည်။
သေဆုံးသူ စစ်သား၏ ရုပ်အလောင်းမှာ မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားခဲ့ပြီး ဦးခေါင်းတွင် ကျည်ဖောက်ဝင်ရာတစ်ခုတွေ့ရှိခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews