တောင်ကိုရီးယား သမ္မတဟောင်းကို ဖမ်းဆီးရေးအစီအစဉ် မအောင်မြင်


(နိုင်ငံတကာ) ဇန်နဝါရီ ၃

တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆော့ယိုကို ဖမ်းဆီးရေးအစီအစဉ် မအောင်မြင်ပဲ ရပ်တန့်သွားခဲ့ကြောင်းသိရသည်။

သမ္မတဟောင်းအား ဖမ်းဆီးရန် ကြိုးပမ်းမှုတွင် ၎င်း၏လုံခြုံရေးအဖွဲ့နှင့် နာရီပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရေးအစီအစဉ်အား ရပ်တန့်ခဲ့သည်။

ယွန်ဆော့ယိုသည် သမ္မတအာဏာအသုံးပြုကာ စစ်အုပ်ချုပ်ရေးကြေညာရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အာဏာအလွဲသုံးစားမှုူပြုလုပ်ခဲ့ခြင်းကြောင့် ဆိုးလ်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရန် ကြိုးပမ်းမှုတွင် သောကြာနေ့နံနက် အစောပိုင်းထိ ဆိုးလ်မြို့ရှိ သမ္မတဟောင်းယွန်၏ နေအိမ်အပြင်ဘက်တွင် ရဲကား ဒါဇင်ပေါင်းများစွာ တန်းစီနေခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြထားသည်။

တောင်ကိုရီးယားစစ်တပ်နှင့် လုံခြုံရေးအရာရှိများကလည်း ယွန်ဆော့ယိုအား အကာအကွယ်ပေးထားပြီး နေအိမ်အား ပိတ်ဆို့ထားကြောင်းသိရသည်။

သမ္မတဟောင်းအား ထောက်ခံသူအချို့သည်လည်း အဆိုပါနေအိမ်အနီးတွင် စခန်းချနေထိုင်နေပြီး ဖမ်းဆီးမှုအစီအစဉ်ရပ်ဆိုင်းခြင်းကြောင့် အောင်ပွဲခံခဲ့ကြသည်။

ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သမ္မတဟောင်းအား ဖမ်းဆီးနိုင်ရေး ဖမ်းဝရမ်းအသစ်ထပ်မံလျှောက်ထားနိုင်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN