(နိုင်ငံတကာ) ဇန်နဝါရီ ၃
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ပီအယ်လ်အေ) စစ်လေယာဉ်များနှင့် စစ်သင်္ဘောများသည် ၂၀၂၅ ခုနှစ်၏ ပထမဆုံးစစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီလ ၁ ရက်တွင် တရုတ်(တိုင်ပေ)ဝန်းကျင်၌ စတင်ပြုလုပ်နေသည်။
ဇန်နဝါရီလ ၁ ရက်တွင် တရုတ်စစ်လေယာဉ် ၁၂ စင်းနှင့် စစ်သင်္ဘောများပူးတွဲ၍ တိုက်ပွဲဝင်အသင့်အနေ အထား ကင်းလှည့်မှုများကို တရုတ်(တိုင်ပေ)အနီးပြုလုပ်ခဲ့ ကြောင်း တရုတ်(တိုင်ပေ) တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
တရုတ်အစိုးရနှင့် ဆွေးနွေးရန်ဆန္ဒရှိကြောင်း တရုတ်(တိုင်ပေ)သမ္မတ လိုင်ချင်တီ က ပြောကြားခဲ့ပြီးနောက် တရုတ်စစ်သင်္ဘောများနှင့် စစ်လေယာဉ်များက တရုတ် (တိုင်ပေ)အနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။
တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)ကို ပြည်မကြီးမှ ခွဲထွက်နယ်မြေ အဖြစ် သတ်မှတ်ထားပြီး ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ တရုတ်ပြည်မကြီးနှင့် တရုတ်(တိုင်ပေ) ပြန်လည် ပေါင်းစည်းမှုကို မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ၂၀၂၅ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews