တန်ဖိုးမြင့် EV ကားများ သိုလှောင်ရုံမှာ ဇန်နဝါရီလကုန်ထိသာ ခွင့်ပြုမည်


(ပြည်တွင်း) ဇန်နဝါရီ  ၃

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ သတ်မှတ်ချက်အထက် တန်ဖိုးမြင့်လျှပ်စစ်သုံးလူစီးယာဉ်တွေကို အကောက်ခွန်သိုလှောင်ရုံအတွင်း ထည့်သွင်းခွင့်ကို ဇန်နဝါရီလ ၃၁ ရက်အထိသာ ခွင့်ပြုမယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်တွေကလွဲလို့ ကျန် Taxi ၊ အများသုံးယာဉ်နဲ့ လုပ်ငန်းသုံးယာဉ်တွေကိုတော့ အရင်အတိုင်း ဆက်လက်ထည့်သွင်းခွင့်ပြုမယ်လို့ သိရပါတယ်။

ပြည်တွင်းကို လျှပ်စစ်သုံးလူစီးယာဉ် တင်သွင်းတဲ့ အရေအတွက်များခြင်း၊ ဆီကားဈေးနှုန်းတွေ အနည်း ငယ်ပြန်ကျလာခြင်းကြောင့် ပေါက်ဈေးထက်ပိုပြီး ဈေးဆွဲတင် ရောင်းချခဲ့တာကြောင့် EV ကားဈေးနှုန်းတွေဟာ လက်ရှိမှာ ပုံမှန်ပေါက်ဈေးကို ပြန်လည်ရောက်ရှိလာတယ်လို့ ကားအရောင်းအဝယ် ဈေးကွက်က သိရပါတယ်။

ပို့ကုန်သွင်းကုန် ကုန်စည်အုပ်စု ၅ မျိုးနဲ့ ပတ်သက်ပြီး အကျုံးဝင်တဲ့ HS Code 10 Digit ကုန်စည်လိုင်း ၆၈၅ လိုင်း ၊ CMP စနစ်နဲ့တင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို အကောက်ခွန်သိုလှောင်ရုံမှာ ထည့်သွင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN