(ပြည်တွင်း) ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ မြစ်ငယ်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးအား ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။
ရန်ကင်းရပ်၊ စစ်ကိုင်း-မြစ်ငယ်ဒွေးလမ်းဘေး၊ “ဂျက်ဝမ်း”အရက်ရောင်းဝယ်ရေးဆိုင်ရှေ့၌ မြစ်ငယ်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောနေထွန်း၊ ၄၇ နှစ်၊ (ဘ)ဦးငွေတင်(ပြည်ခိုင်ဖြိုးပါတီ ဝင်)သည် လမ်းဖြတ်ကူးစဥ် CZI အနက်ရောင်ဆိုင်ကယ်ပေါ်မှ MASK တပ်ထားသော အမည်မသိအမျိုးသား ၂ ဦးမှ သေနတ်အတိုဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးစောနေထွန်းတွင် ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး၊ အခင်းဖြစ်နေရာမှ A USA 9MM LUGER ငွေရောင်ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ကြောင်း၊ သေနတ်ထိမှန်ဒဏ်ရာရရှိသူ ဦးစောနေထွန်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဥ် ည ၈ နာရီကျော်အချိန်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews