မီတာ ၅,၀၀၀ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တဲ့ ကင်ညာနိုင်ငံသူ ချီဘက်


(အားကစား) ဇန်နဝါရီ ၂

ပဲရစ်အိုလံပစ် ရွှေတံဆိပ် ၂ ဆုရှင် ကင်ညာနိုင်ငံသူ ချီဘက်ဟာ ဘာစီလိုနာမြို့က ပြိုင်ပွဲတစ်ခုမှာ မီတာ ၅,၀၀၀ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ချီဘက်ဟာ မီတာ ၅,၀၀၀ ကို ၁၃ မိနစ် ၅၄ စက္ကန်နဲ့ ပြေးနိုင်ခဲ့ပြီး မီတာ ၅,၀၀၀ ကို ၁၄ မိနစ်အောက် ပြေးနိုင်တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ပဲရစ်အိုလံပစ် မီတာ ၅,၀၀၀ နဲ့ မီတာ ၁၀,၀၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရခဲ့တဲ့ ချီဘက် က မီတာ ၅,၀၀၀ ကို ၁၄ မိနစ်အောက် ပြေးနိုင်မယ်ဆိုတာကို အမြဲယုံကြည် နေခဲ့သလို အခုလိုစွမ်းဆောင်နိုင်ခဲ့တာကို ကျေနပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွက် သူမရဲ့ ရည်မှန်းချက်က တိုကျိုမြို့မှာကျင်းပမယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ ရယူနိုင်ဖို့ဖြစ်တယ်လို့ ချီဘက် က ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN