(အားကစား) ဇန်နဝါရီ ၂
အသက် ၂၂ နှစ်အရွယ် ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ ဟာ နောက်ကျောဒဏ်ရာကြောင့် အခုတစ်ပတ်ထဲ ကျင်းပမယ့် အော့ကလန်ကလပ်စစ်ပြိုင်ပွဲကနေ နုတ်ထွက်သွား ပါတယ်။
ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားခဲ့ပေမယ့် နောက်ကျောက နာကျင်လာလို့ အခုလိုမျိုးဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အော့ကလန်ပထမအဆင့်မှာ အမေရိကန်တင်းနစ်မယ် မောင့်ဂိုမာရီနဲ့ ကစားဖို့ရှိနေတဲ့ ရာဒူကာနူ က ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။
ရာဒူကာနူ ဟာ ၂၀၂၅ ဇန်နဝါရီလ ၁၂ မှာ ကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
၂၀၂၁ ယူအက်စ်အိုးပင်း ချန်ပီယံ ရာဒူကာနူ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပုံမှန်လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ဒဏ်ရာရပြီး နောက်ပိုင်း ပြိုင်ပွဲ ၃ ခုကိုသာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာဒူကာနူ အနေနဲ့ ဩစတြေးလျအိုးပင်း အကြိုပြင်ဆင်မှုအဖြစ် အော့ကလန်ပြိုင်ပွဲဝင်ပြိုင်ဖို့ စီစဉ်ထား ခဲ့ပေမယ့် ယခုအခါမှာ ဩစတြေးလျ အိုးပင်းအတွက်ကိုသာ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ရာဒူကာနူ ဟာ ကြံ့ခိုင်ရေးနည်းပြအဖြစ် ဂျပန်လူမျိုးနည်းပြ နာကာမူရာ ကို ခန့်အပ်ထားပြီး ရာသီသစ်အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews