နယူအော်လန် တိုက်ခိုက်မှုတွင် အများအပြားပါဝင်ခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ပြော


(နိုင်ငံတကာ) ဇန်နဝါရီ ၂

အမေရိကန်နိုင်ငံ နယူးအော်လန်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် တစ်ဦးတစ်ယောက်က လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ ပါဝင်ပတ်သက်သူ အများကြီးရှိသည်ကို သေချာပေါက်ပြောနိုင်ကြောင်း လူဝီစီယားနားပြည်နယ် ရှေ့နေချုပ်ကဆိုသည်။

အစောပိုင်း စုံစမ်းစစ်ဆေးချက်များအရ တစ်ဦးတည်း လုပ်ဆောင်ခြင်းမဟုတ်သည်ကို တာဝန်ရှိသူများက ယူဆကြောင်း သူမကဆိုသည်။

တိုက်ခိုက်သူမှာ အမေရိကန် စစ်တပ်တွင် တပ်ကြပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သော Shamsud-Din Jabbar အမည်ရှိ အစ္စလာမ်ဘာသာဝင် နည်းပညာရှင်တစ်ဦးဖြစ်ကြောင်းသိရသည်။

နယူးအော်လန်တိုက်ခိုက်မှုတွင် လူပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN