(ပြည်တွင်း) ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုး ဦးဆောင် ကြီးမှူးကျင်းပသော ရပ်ကွက်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၀၃:၃၀ အချိန်တွင် မဟာဗန္ဓုလလမ်း(မှော်စက်လမ်းမကြီး)၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်တော်လောင်းလှူပွဲကို
နှစ်ဦးအလှူအဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများသည့် ယခင်နှစ် ပဉ္စမအကြိမ်မြောက်တွင် ငွေသားနှင့် ဒါတဗ္ဗဝတ္ထုအစုစု လှူဒါန်းမှုမှာကျပ်သိန်း ၂၉ဝ ခန့်ဖြစ်ပြီး၊ ယခု ၂၀၂၅ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက်တွင် ဆန်၊ ဆီ၊ဆား၊ Fuji ဆပ်ပြာကရင်၊ မြန်မာတိုင်းရင်းဆေးမျိုးစုံပါခြင်းဆွဲများ၊ ငွေသားနှင့် ဒါတဗ္ဗဝတ္ထုအစုစုလှူဒါန်းမှုမှာ ကျပ်သိန်း ၃ဝဝ ကျော် ဖြစ်ကြောင်း သိရသည်။
ဆဋ္ဌမအကြိမ်မြောက် မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုး ဦးဆောင်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မဟာဗန္ဓုလလမ်း(မှော်စက်လမ်းမကြီး) တလျှောက်တွင် အလှူရှင်များက မိမိတို့လောင်းလှူလိုသော ဆွမ်းဆန်တော်နှင့် လှူဘွယ်ပစ္စည်းအစုစုတို့ကို နေရာယူ ပြင်ဆင်ထားကြပြီး၊ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၈)ကျောင်းမှ သံဃာတော်အရှင်သူမြတ် (၁၁၁)ပါးနှင့် သီလရှင်ဆရာလေးများ အားပါးတရလောင်းလှူခဲ့ကြသည်။
မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုး သည့် နှစ်စဉ်ရပ်ကွက်နေပြည်သူများနှင့်ပူးပေါင်းပြီး သံဃာတော်အရှင် သူမြတ်များအား ဆွမ်းဆန်တော်များ၊ နဝကမ္မအလှူငွေများနှင့် လှူဘွယ်ပစ္စည်းများအား နှစ်စဥ်အစဥ်အလာမပြတ် လှူဒါန်းခဲ့ပြီး၊ ယခု ဆဋ္ဌမအကြိမ်မြောက်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်မင်္ဂလာရက်မြတ်မှာ လှူဒါန်းခြင်းဖြစ်သည်။
အလှူရှင်များ ဆွမ်းဆန်စိမ်း ကုသိုလ်တော်အလှူကို လှူဒါန်းနိုင်ဖို့အတွက် စည်းရုံးဆောင်ရွက်နိုင်ခဲ့လို့ ယခုလိုစည်းကားစွာ လှူဒါန်းနိုင်သကဲ့ သို့ လာမည့်နှစ်များတွင်လည်း အစဉ်အလာမပြတ် လှူဒါန်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မုဒိတာစကားဆိုသည်။
သန်းဇော်ဦး ဒလ
Telegram»…
https://t.me/positiveanglenews