ဂျာမန်ပြည်သူများ ဓာတ်ငွေ့ကို ချွေတာသုံးစွဲရန် တာဝန်ရှိသူများ သတိပေး


(နိုင်ငံတကာ) ဇန်နဝါရီ ၂

ဂျာမနီပြည်သူများအနေဖြင့် ဓာတ်ငွေ့ပြတ်လပ်မှုနှင့် မကြုံကြိုက်စေရေးအတွက် လောင်စာများကို ချွေတာသုံးစွဲရန် ဂျာမနီစွမ်းအင်တာဝန်ရှိသူတစ်ဦးက သတိပေးတောင်းဆိုထားကြောင်း Die Welt သတင်းစာ က ဇန်နဝါရီလ ၁ ရက်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ဓာတ်ငွေ့သုံးစွဲမှုပမာဏသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလထိ ၂၀၂၃ ခုနှစ် အလားတူကာလများထက် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း၊ စက်မှုလုပ်ငန်း များ အနေဖြင့်မူ ဓာတ်ငွေ့သုံးစွဲမှုပမာဏ ၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဂျာမနီနိုင်ငံအတွက် လိုအပ်သောဓာတ်ငွေ့ စုစုပေါင်းပမာဏ၏ ထက်ဝက်ခန့်ကို ရုရှားနိုင်ငံမှ ဝယ်ယူ အသုံးပြုနေရခြင်းဖြစ်ပြီး အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် စွမ်းအင်ကဏ္ဍတွင် အထိခိုက်ရဆုံးမှာ ဂျာမနီနိုင်ငံဖြစ်သည်။

လက်ရှိကျရောက်နေသော ဆောင်းရာသီကာလအတွင်း နေအိမ်များကို အနွေးဓာတ်ပေးနိုင်ရေးအတွက် ဓာတ်ငွေ့များကိုသာ အဓိကအသုံးပြုနေရခြင်းဖြစ်လို့ ဆောင်းရာသီမကုန်မီ စွမ်းအင်ပြတ်လပ်မှု မဖြစ်စေရန် တာဝန်ရှိသူများက ယခုကဲ့သို့ သတိပေးထားခြင်းဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN