(အားကစား) ဇန်နဝါရီ ၂
ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနဲ့ နည်းပြ ရွန်းနီတို့ နှစ်ဖက်သဘောတူညီချက်နဲ့ လမ်းခွဲလိုက်ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရွန်းနီအနေနဲ့ ပလိုင်းမောက်အသင်းကို တာဝန်ယူပြီး ၇ လအကြာမှာပဲ အခုလိုလမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။
ပလိုင်းမောက်အသင်းဟာ ရွန်းနီတာဝန်ယူခဲ့တဲ့ ၂၅ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပြီး ဒီလိုအခြေအနေတွေ ကြောင့်ပဲ နည်းပြ ရွန်းနီနဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ပလိုင်းမောက်အသင်းဟာ ဒါဘီ၊ ဒီစီယူနိုက်တက်နဲ့ ဘာမင်ဟမ် အသင်းတို့ပြီးနောက် ရွန်းနီ ကိုင်တွယ်တဲ့ စတုတ္ထမြောက် ကလပ်အသင်း ဖြစ်ပါတယ်။
နည်းပြ ရွန်းနီဟာ အရင်ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာလည်း အောင်မြင်မှုမရခဲ့သလို အခုပလိုင်းမောက်အသင်းနဲ့ လမ်းခွဲလိုက်ရလို့ ရွန်းနီ ရဲ့ နည်းပြအရည်အချင်းအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
ပလိုင်းမောက်အသင်း ပရိသတ်တွေရဲ့ အားပေးမှုအတွက်ကျေးဇူးတင်သလို အသင်းက သူ့ရင်ထဲမှာအမြဲရှိနေမှာပါလို့ ရွန်းနီက သူ့ရဲ့နှုတ်ဆက်စကားမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews