(အားကစား) ဇန်နဝါရီ ၂
နည်းပြ ဖွန်ဆီကာ ကို ရာထူးကနေထုတ်ပယ်လိုက်ပြီး ချက်ခြင်းဆိုသလိုပဲ အေစီမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုးနည်းပြ ကွန်ဆီကာအိုကို ခန့်အပ်လိုက်ပါတယ်။
အသက် ၅၀ အရွယ် ကွန်ဆီကာအိုဟာ စီးရီးအေကစားသမားအဖြစ် လာဇီယို၊ အင်တာမီလန်နဲ့ ပါးမားအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။
ကွန်ဆီကာအိုဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ၆ နှစ်တာအတွင်း ဆုဖလား ၁၁ လုံးအထိရယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ရိုးမားအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီး နာရီပိုင်းအကြာမှာပဲ နည်းပြ ဖွန်ဆီကာ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ကွန်ဆီကာအိုရဲ့ အေစီမီလန်နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် လာမယ့် ဇန်နဝါရီလ ၃ ရက်မှာ ဂျူဗင်တပ်အသင်းနဲ့ အီတလီစူပါဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
ဒီပွဲကိုသာ ကွန်ဆီကာအို ကိုင်တွယ်ဖြစ်ခဲ့ပါက ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ သားဖြစ်သူ ဖရန်ဆစ္စကို နဲ့ ကွန်ဆီကာအို တို့ ပြန်လည်ရင်ဆိုင်တွေ့ဆုံရတော့မှာလည်း ဖြစ်ပါတယ်။
ကွန်ဆီကာအို က အေစီမီလန်နဲ့အတူ စွန့်စားခန်းအတွက် ဂုဏ်ယူရပြီး အလုပ်ကိုအကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews