(ပြည်တွင်း) ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ ပြေးဆွဲပေးနေတဲ့ အောင်မင်္ဂလာအဝေးပြေး ဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းများမှ အဝေးပြေးယာဉ်လိုင်းများတွင် တင်ဆောင်သည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက် စစ်ဆေးပြီးမှသာ တင်ဆောင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အဝေးပြေးဌာနမှသိရပါတယ်။
ဥပဒေနှင့်မလွတ်ကင်းတဲ့ ပစ္စည်းများတင်ဆောင်မှုမရှိစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် ဖွင့်ဖောက်စစ်ဆေး ခြင်းများ လုပ်ဆောင်ရန် ညွှန်ကြားထားခြင်းဖြစ်ပြီး အစစ်ဆေးမခံတဲ့ ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် ညွှန်ကြား ထားပါတယ်။
ရန်ကုန်မြို့မှနိုင်ငံတစ်ဝန်းသို့ အဝေးပြေးယာဉ်လိုင်းပေါင်း ၁၆၉ လိုင်းပြေးဆွဲပေးနေပြီး ဧရာဝတီ တိုင်းဒေသကြီးမှအပကျန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အောင်မင်္ဂလာအဝေးပြေးကား ဝင်းတွင် ယာဉ်လိုင်း ၁၀၇ လိုင်းမှ ယာဉ်အစီးရေ ၂၃၅ စီးနှင့် ခရီးသွား ၂,၉၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲသော ဒဂုံ-ဧရာအဝေးပြေးကားဝင်းတွင် ယာဉ်လိုင်းပေါင်း ၆၂ လိုင်းမှ ယာဉ်အစီးရေ ၁၁၆ စီးနဲ့ ခရီးသွား ၁,၁၀၀ ကျော် ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရပါတယ်။
ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းသို့ ပြေးဆွဲသော အဝေးပြေးယာဉ်လိုင်းပေါင်း ၃၈၆ လိုင်းရှိပြီး အောင်မင်္ဂလာအဝေးပြေးမှာ ယာဉ်လိုင်းပေါင်း ၂၆၃ လိုင်း နှင့် ဒဂုံ-ဧရာအဝေးပြေးမှာ ယာဉ်လိုင်းပေါင်း ၁၂၃ လိုင်းတို့မှ ယာဉ်အစီးရေ ၃,၇၉၅ စီး ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews