အမြန်လမ်းတွင် ဘုရားဖူးယာဥ်တိမ်းမှောက်ရာမှ တစ်ဦးသေဆုံး၍ ၃၃ ဦးထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့


(မှုခင်း) ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ် အမြန်လမ်းရဲတပ်ဖွဲ့စခန်းအပိုင်တွင် ဘုရားဖူးယာဥ်တစ်စီး တိမ်းမှောက်ရာမှ လူတစ်ဦးသေဆုံးပြီး ၃၃ ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၀ နှင့် ၁၁၇/၁ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော၊ YUTONG အမျိုးစား၊ အနီရောင် Express ဘုရားဖူးယာဉ်သည် မောင်းနှင်းနေစဥ် ယာဥ်မောင်းအိပ်ငိုက်ကာ လမ်းဘေးတွင် ကာရံထားသော ဘယ်ရီယာတုံးများအားဝင်ရောက်တိုက်မိခဲ့ပြီး တိမ်းမှောက်ရပ်တန့်သွားခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်ပါရှိသော ယာဉ်မောင်းအပါ ကျား/မ/ကလေး စုစုပေါင်း(၄၅)ဦးအနက်မှ မ(၁)ဦးသေဆုံးခဲ့ပြီး ကျား(၁၀)ဦး၊ မ(၂၁)ဦး၊ ကလေး မ(၂)ဦး စုစုပေါင်း(၃၃)ဦးမှာ ထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ ၊ ဒေသခံလူမူပရဟိတအဖွဲ့များမှ ဖြူးဆေးရုံသို့တင်ပို့ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN