(ပြည်တွင်း) ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာသို့ အကြမ်းဖက် PDF ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် ဝင်ရောက်လာပြီး ဝက်ထိန်းကျေးရွာမှ အရပ်သားသာမန်ပြည်သူ နှစ်ဦးအား သတ်ဖြတ်သွားကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ဝက်ထိန်ကျေးရွာမှ ဦးတင်မောင်မြင့်၊ ၅၅ နှစ်၊(ဘ)ဦးနီနှင့် ဦးတင်မျိုးလွင်၊ ၄၀ နှစ်၊(ဘ)ဦးကျော်ဌေးတို့၏ နေအိမ်များသို့ အကြမ်းဖက် PDF ၄ ဦးမှ ၂ ဦးစီ အဖွဲ့ ၂ ဖွဲ့ခွဲ၍ ဝင်ရောက်၍ သေနတ်အတိုဖြင့် ပစ်ခတ်၊ ဓါးဖြင့်ထိုးခုတ်ခဲ့ရာ ဦးတင်မောင်မြင့်တွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင် ဒဏ် ရာ ၂ ချက်၊ဝဲ-နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖမိုး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဒူးအောက် ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း ဦးတင်မျိုးလွင်တွင် ဝဲဘက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းပြတ်ဒဏ်ရာဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
၎င်းနောက် အကြမ်းဖက် PDF များသည် ဆိုင်ကယ်များဖြင့် ဝက်ထိန်းကျေးရွာ အနောက်ဘက် တဲကြီးကျေးရွာ ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ သာမန်ပြည်သူများဖြစ်ပြီး တပ်မတော်စစ်ကြောင်း ဝက်ထိန်းကျေးရွာသို့ ဝင်ရောက်စဥ်က တပ်မတော်စစ်ကြောင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုများရှိသဖြင့် အကြမ်းဖက် PDF များက ယခုကဲ့သို့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews