ပဲခူးမြို့ ကလိကျေးရွာတွင် နှစ်သစ်ကူးပွဲကျင်းပနေစဥ် စကားများခိုက်ရန်ဖြစ်ပွါးရာမှ လူသေဆုံး


(မှုခင်း) ဇန်နဝါရီ ၁

နှစ်သစ်ကူးပွဲတော်အား မိသားစုနှင့်အတူဆင်နွဲကျင်းပပြုလုပ်နေစဥ် တစ်ရွာတည်းနေသူမှရောက်ရှိလာပြီး အရက်သေစာမူးယစ်သောက်စားကာ လူသေသည့်အထိကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ကြည်တော်ကုန်း(၅)လမ်း၊ နန်းတော်ရာရပ်ကွက်နေ ကိုလင်းသည် ဇနီးဖြစ်သူနှင့်အတူ မိဘများရှိရာ ကလိကျေးရွာသို့ နှစ်သစ်ကူးပွဲကျင်းပရန်အတွက် သွားရောက်ခဲ့ပြီး ဖခင်ဖြစ်သူဦးအေးနိုင်နှင့် ညီဖြစ်သူ ကျော်သူရတို့နှင့်အတူ ခြံဝန်းအတွင်း၌ နှစ်သစ်ကူးပွဲအား ကျင်းပပြုလုပ်နေစဥ် တစ်ရွာတည်းနေ နေလင်းအောင်မှ အရက်မူးကာ ဝင်ရောက်လာခဲ့ပြီး ကချင်တယ်သီချင်းဖွင့်ပေးဟုပြောသောကြောင့် ဖွင့်ပေးခဲ့ရာ သီချင်းတစ်ပုဒ်ပြီးသည့် အချိန်တွင် ပြန်ခိုင်းရာ နေလင်းအောင်မှ “မင်းတို့ကငါ့ကိုနှင်ထုတ်တာလား”ဟု ပြောဆိုခဲ့ပြီး ၎င်းနေထိုင်ရာမျက်နှာချင်းဆိုင်ရှိ နေအိမ်သို့ ပြန်သွားပြီး အရှည်(၁)ပေခန့်ရှိ သံကတ်ကြေးအား ကိုင်ဆောင်၍ ခြံဝန်းအတွင်းသို့ဝင်ရောက်လာပြီး အနီးရှိ အုတ်နီခဲကျိုးအားကောက်ယူ၍ ကျော်သူရ၏ဦးခေါင်းအား ထုရိုက်ခဲ့သည်။

ကျော်သူရမှလဲကျသွားစဉ် နေလင်းအောင်မှ ကျော်သူရ၏ ဝဲဘက်ကျောကုန်းအား ကတ်ကြေးဖြင့်ထပ်မံထိုးသွင်းပြီး ကိုလင်း၏ဝမ်းဗိုက် အောက်နားအား ကတ်ကြေးဖြင့် ထိုးပြီး ဆဲဆိုကာခြံဝန်းအပြင်သို့ ပြန်ထွက်သွားခဲ့သည်။ ဖြစ်စဥ်ကြောင့်ကျော်သူရတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ကျောကုန်း၌ ထိုးသွင်းဒဏ်ရာ(၁)ချက် အတွင်း လူနာ (စိုးရိမ်ရ)နှင့် ကိုလင်းတွင် ဆီးခုံအထက်ထိုးသွင်းဒဏ်ရာ(၂)ချက် အတွင်းလူနာ(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသနေစဥ် ကျော်သူရသည် ရရှိဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်နှင့်ပက်သက်၍ခြံဝန်းအတွင်း ကတ်ကြေးကိုင်ဆောင်၍ ဆဲဆိုစိန်ခေါ်ပြီး ထိုးသွင်းဒဏ်ရာများဖြင့် လူသေသည့်အထိပြုလုပ်ခဲ့သူ နေလင်းအောင်အား သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူထားရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN