အင်ဒိုနီးရှားနိုင်ငံတွင် ထူးခြားရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ဆန်စပါးစိုက်ပျိုးမှုအောင်မြင်ခဲ့


(နိုင်ငံတကာ) ဒီဇင်ဘာ ၃၁

အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုနှင့် လာနီညာ ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး အန်ဒီ အန်ရန်ဆူလိုင်မန် က ပြောကြားခဲ့သည်။

နှစ်ကုန်ကာလအထိ ဆန်စပါးတန်ချိန် ၃၁ သန်းနီးပါးကို စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ ဆန်စပါးအဓိကစိုက်ပျိုးရာ ဒေသများတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံ ခြင်းများ ဖြစ်ပွားခဲ့သည်။

လူဦးရေသန်း ၂၈၀ ကျော်ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ဆန်စပါးသည် နိုင်ငံသားများအတွက် အဓိက စားရေရိက္ခာဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN