လွတ်လပ်ရေးနေ့အခမ်းအနား အစမ်းလေ့မည့်အချိန်အတွင်း ပြည်လမ်းကို ခေတ္တပိတ်မည်


(ပြည်တွင်း) ဒီဇင်ဘာ ၃၁

(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အစမ်း လေ့ကျင့်မှုများ ဆောင်ရွက်နေချိန်တွင် ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားရှိပါတယ်။

အခမ်းအနားအစမ်းလေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂ ရက်တွင် ပြုလုပ်မှာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်တွင် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုပွဲနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းတို့ကို နံနက် ၄ နာရီမှ ၇ နာရီအထိ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အခမ်းအနား ကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမှာဖြစ်ပြီး ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသောယာဉ်များသည် မြေနီကုန်းတံတားအောက် မီးပွိုင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသို့ချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN