ပြည်တွင်းစားသုံးဆီများ ဈေးရောင်းပွဲတော်ကျင်းပမည်


(ပြည်တွင်း) ဒီဇင်ဘာ ၃၁

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးချုပ်ရှေ့တွင် ဆီစက်ပိုင်ရှင် များမှ ပြည်တွင်းစားသုံးဆီများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပြည်တွင်းစားသုံးဆီများရောင်းချပေး ဈေးပွဲတော်ကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ပြည်တွင်းဆီဖူလုံမှုရှိအောင် ဖော်ဆောင်သည့်အနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကို သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပြည်တွင်းစားသုံးဆီ ဈေးရောင်းပွဲများကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက အများပြည်သူများ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မကြာခဏရောင်းချပေးလျက် ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN