တရုတ်အစိုးရ ဌာနဆိုင်ရာလုပ်ငန်းများ၌ လျှပ်စစ်ကားများအသုံးပြုရေးအတွက် တွန်းအားပေးမည်


(နိုင်ငံတကာ) ဒီဇင်ဘာ ၃၁

တရုတ်နိုင်ငံသည် ၎င်း၏စိမ်းလန်းသော အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်လုပ်ဆောင်သည့်အနေဖြင့် အစိုးရဌာနဆိုင်ရာလုပ်ငန်းများအား လျှပ်စစ်ကားများအသုံးပြုရေးအတွက် တွန်းအားပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစိုးရအေဂျင်စီများအတွက် လျှပ်စစ်ကားဝယ်ယူမှုဆိုင်ရာ ညွှန်ကြားချက်အသစ်များကို ဒီဇင်ဘာလ ၃၀ ရက်က အသေးစိတ်ထုတ်ပြန်ခဲ့သည်။

အဆိုပါယာဉ်များကို အစိုးရဌာနဆိုင်ရာအေဂျင်စီများတွင် ၁၀၀ ရာခိုင်နှုန်း ဝယ်ယူသုံးစွဲရန် ညွှန်ကြားခဲ့သည်။ မော်တော်ယာဉ်များကို ငှားရမ်းသည့်အခါ လျှပ်စစ်ကားများကို ဦးစားပေး ငှားရမ်းရန် အစိုးရအေဂျင်စီများအား အဆိုပါညွှန်ကြားချက်တွင် ထပ်လောင်းညွှန်ကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေးသည် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်လာသည်နှင့်အမျှ လျှပ်စစ်ကားများသည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည်။

ယခုနှစ်ဇူလိုင်လတွင် တရုတ်နိုင်ငံ၌ လျှပ်စစ်ကားများသည် ဈေးကွက်ဝေစုအရ လောင်စာစွမ်းအင်သုံး ကားများကို ပထမဆုံးအကြိမ် ကျော်လွန်ကာ နိုင်ငံတစ်ဝန်းလက်လီ ရောင်းချမှုတွင် အစီးရေ ၈၇၈,၀၀၀ အထိ ရောက်ရှိခဲ့ပြီး ပြည်တွင်းဈေးကွက်၏ ၅၁ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN