(ပြည်တွင်း) ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား PDFအကြမ်းဖက်များက ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီ၊ ၄၅ မိနစ်ခန့်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အလျား ၁၀၈ ပေ၊ အနံ ၃၃ ပေ၊အမြင့် ၂၂ ပေရှိ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုပ်ညှပ် ၂ ထပ်၊ စာသင် ဆောင်အားမီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ နယ်၊ ဇာဟောကျေးရွာသည် PDF အကြမ်းဖက်များ စိုးမိုးထားသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews