(အားကစား) ဒီဇင်ဘာ ၃၀
WBC ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲစဉ်အဖြစ် ဂျပန်လက်ဝှေ့သမား နာကာတာနီ က မက္ကဆီကို လက်ဝှေ့သမား ဒေးဗစ်ကွယ်လာ နဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဂျပန်နိုင်ငံ၊ ကိုတိုကူမြို့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း နာကာတာနီ က ပြောကြားခဲ့ပါတယ်။
နာကာတာနီ က ယခုနှစ်ဖေဖော်ဝါရီလတွင် မက္ကဆီကိုလက်ဝှေ့သမား ဆန်တီယာဂို ကို အနိုင်ရခဲ့ပြီးနောက် WBC ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။
ယခုနှစ် ဇူလိုင်လ ၂၀ ရက်နှင့် အောက်တိုဘာလ ၁၄ ရက်တို့တွင် ချန်ပီယံကာကွယ်ပွဲအဖြစ် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး တစ်နှစ်အတွင်း စိန်ခေါ်ပွဲသုံးပွဲအထိ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် နာကာတာနီ ဟာ လက်ဝှေ့သမားသက်တမ်းအတွင်း စိန်ခေါ်ပွဲပေါင်း ၂၉ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ရှုံးပွဲမရှိသေးသည့် ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်ပါတယ်။
နာကာတာနီ နဲ့ ထပ်မံယှဉ်ပြိုင်မည့် အသက် ၂၃ နှစ်အရွယ် ဒေးဗစ်ကွယ်လာ ကလည်း ကစားသမားသက်တမ်းအတွင်း စိန်ခေါ်ပွဲပေါင်း ၂၈ ပွဲ ယှဉ်ပြိုင်ထားပြီး ရှုံးပွဲမရှိသေးသည့် လက်ဝှေ့သမားတစ်ဦး ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews