၂၀၂၅ ဘောလုံးရာသီ အကောင်းဆုံးကစားသမားဆုအတွက် ဆာလတ် ဦးဆောင်နေ


(အားကစား) ဒီဇင်ဘာ ၃၀

၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးများသွင်းယူနိုင်ခဲ့တဲ့ အကောင်းဆုံးကစား သမားစာရင်းမှာ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလတ် က ထိပ်ဆုံးမှဦးဆောင်နေကြောင်း သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆာလတ် ဟာ ယခုရာသီမှာ နည်းပြ အာနယ်စလော့ လက်အောက်တွင် ပုံမှန်ဂိုးသွင်းယူခြေစွမ်းပြနိုင်နေပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအဝင် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ဘော်လွန်းဒီအောဆုအတွက် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိပါတယ်။

ဆာလတ် ရဲ့နောက်တွင် သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဗင်နီစီးယက်စ် က အဆင့်(၂)၊ သွင်းဂိုး ၂၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ရာဖင်ဟာ က အဆင့်(၃)၊ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ မူစီအာလာ က အဆင့်(၃)၊ သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ လီဝင်ဒေါစကီး က အဆင့်(၅)၊ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၄ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ယာမယ် က အဆင့်(၆)၊ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ အမ်ဘာပေ က အဆင့်(၇)၊ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဟယ်ရီကိန်း က အဆင့်(၈)၊ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ပယ်မာ က အဆင့်(၉)၊ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဖလိုရီယန်ဝက်စ် က အဆင့်(၁၀)တို့တွင် ရပ်တည်နေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN