၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော ၆၃၃ စင်းဝင်ရောက်ဆိုက်ကပ်


(စီးပွားရေး) ဒီဇင်ဘာ ၃၀

၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း ပြည်တွင်းရှိဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော ၆၃၃ စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။

နိုင်ငံတကာမှ ကုန်သေတ္တာတင်သင်္ဘောများ လအလိုက် ဝင်ရောက်ဆိုက်ကပ်မှုမှာ ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း၊ စက်တင်ဘာလတွင် ၅၅ စင်း၊ အောက်တိုဘာလတွင် (၅၂)စင်း၊ နိုဝင်ဘာလတွင် ၅၇ စင်း၊ ဒီဇင်ဘာလတွင် ၆၀ စင်းတို့ လအလိုက် ဝင်ရောက်ဆိုက်ကပ်ခဲ့ပါတယ်။

လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော ၆၂ စင်း ဝင်ရောက် ဆိုက်ကပ်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ပါတယ်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၈ စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား ၂၀ စင်း စုစုပေါင်း သင်္ဘောကြီး ၄၈ စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN