အာဖကန်နစ္စတန်နှင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား


(ပြည်တွင်း) ဒီဇင်ဘာ ၃၀

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပတ်ခ်တွန်းခွာပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ဒီဇင်ဘာလ ၂၈ ရက်က အာဖကန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့ဝင်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်-အာဖကန်နစ္စတန်နယ်စပ်တစ်လျှောက် အပ်ပါးခူးရမ်ခရိုင်ရှိ စစ်ဆေးရေးစခန်းတစ်ခု၌ ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်တွင် နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လက်နက်ကြီးနှင့် အပေါ့စား လက်နက်များပါဝင်ကြောင်း ဆင်ဟွာတွင်ဖော်ပြခဲ့သည်။

ပါကစ္စတန်အာဏာပိုင်များက ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တရားဝင်ကြေညာချက် ထုတ်ပြန် ထားခြင်းမရှိသေးပေ။ နယ်စပ်ဖြတ်ကျော်ဂိတ်၌ အာဖကန်နှင့် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တို့အကြား ပဋိပက္ခ ဖြစ်ပွားမှုတွင် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးကြောင်း အာဖကန်အိမ်စောင့်အစိုးရ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းက အာဖကန်နစ္စတန်နိုင်ငံ၊ ပါ့ခ်တီကာပြည်နယ်တွင် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၁ ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် အဆိုပါပဋိပက္ခဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN