မော်လ်ဒိုဗာသို့ သဘာဝဓာတ်ငွေ့ပေးပို့မှု လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ ရုရှားရပ်ဆိုင်းမည်


(ပြည်တွင်း) ဒီဇင်ဘာ ၃၀

မော်လ်ဒိုဗာနိုင်ငံသို့ သဘာဝဓာတ်ငွေ့များပေးပို့မှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ရုရှားအစိုးရပိုင် ဂက်ဇ်ပရွမ် စွမ်းအင်ကုမ္ပဏီက ဒီဇင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မော်လ်ဒိုဗာအနေဖြင့် သဘာဝဓာတ်ငွေ့ဖိုး ကြွေးကျန်များပေးရန် ကျန်ရှိနေမှုကြောင့် ယင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပေးပို့မှုရပ်ထားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဂက်ဇ်ပရွမ်ကုမ္ပဏီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂက်ဇ်ပရွမ်၏ အဆိုအရ မော်လ်ဒိုဇာနိုင်ငံသည် ယခင်ပေးပို့ထားသော သဘာဝဓာတ်ငွေ့များအတွက် အမေရိကန်ဒေါ်လာ ၇၀၉ သန်း ကြွေးကျန်ရှိနေသည်။

သို့ရာတွင် ဂက်ဇ်ပရွမ်၏ ထုတ်ပြန်ချက်ပါ ကြွေးကျန်ငွေကြေး ပမာဏကို မော်လ်ဒိုဗာနိုင်ငံက ငြင်းဆိုထားပြီး အမှန်တကယ်ရှိသည့် ကြွေးကျန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းသာ ရှိကြောင်း ပြောထားသည်။

ရုရှားနိုင်ငံသည် မော်လ်ဒိုဗာနိုင်ငံအတွက် နှစ်စဉ်သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလီယံထိပေးပို့ခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် စွမ်းအင်ကို လက်နက်အဖြစ် အသုံးချနေကြောင်း ဥရောပသမဂ္ဂကိုလိုလားသည့် မော်လ်ဒိုဗာ အစိုးရက စွပ်စွဲထားသည်။

Telegram»…
https://t.me/positiveanglenews

PAN