(အားကစား) ဒီဇင်ဘာ ၃၀
ဘာစီလိုနာအသင်းသို့ ပြီးခဲ့တဲ့ နွေရာသီမှာ ပြောင်းရွှေ့လာခဲ့တဲ့ လိုက်ပဇစ်အသင်းမှ ကွင်းလယ် ကစားသမား အိုလ်မို ကို အသင်းကစားသမားစာရင်း မှတ်ပုံတင်သွင်းရန် အယူခံဝင်သော်လည်း ပယ်ချခံခဲ့လို့ ကစားသမားအား အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိကြောင်း သိရပါတယ်။
အိုလ်မို အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သော်လည်း အသင်းကစားသမားစာရင်း မှတ်ပုံတင်ရန် အခက်အခဲများကြောင့် ယခုရာသီအစပိုင်း ပွဲစဉ်များကို လွဲချော်ခဲ့ပြီး ပွဲစဉ် (၃) မှသာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် အသင်းကစားသမားစာရင်း မှတ်ပုံတင်သွင်းရန် အခက်အခဲများရှိခဲ့ပြီး ရာသီဝက်အတွက်သာ မှတ်ပုံတင်နိုင်ခဲ့ တာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ အိုလ်မို ကို အသင်းကစားသမားစာရင်း မှတ်ပုံတင်သွင်းနိုင်ရန် စီးပွားရေးတရား ခုံရုံးထံ အယူခံဝင်သော်လည်း ပယ်ချခြင်းခံခဲ့ ရတာကြောင့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်မီ ဖြေရှင်းနိုင်ခြင်းမရှိပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရတော့မှာပဲ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews