ဒဏ်ရာကြောင့် ဩစတေးလျအိုးပင်းပြိုင်ပွဲမှ ဟာလက် နုတ်ထွက်


(အားကစား) ဒီဇင်ဘာ ၃၀

ရိုမေးနီးယားတင်းနစ်မယ် ဟာလက် အနေနဲ့ ဒဏ်ရာကြောင့် ဩစတေးလျအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်းနှင့် ၂၀၂၅ ရာသီအစပိုင်း ပွဲစဉ်များကို လွဲချော်သွားဖွယ်ရှိကြောင်း သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း ဟာလက် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွင် ပြိုင်ပွဲစီစဉ်သူများထံမှ အရည်အချင်းစစ်ဆေးမှု ခံယူရခြင်းမရှိဘဲ ပြိုင်ဝင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဟာလက် အနေနဲ့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ခွင့် လေးနှစ်ပိတ်ပင်ခံထားရပေမယ့် ယခုနှစ်တွင် အဆိုပါပြစ်ဒဏ်ကို ကိုးလသို့လျှော့ပေါ့ပေးခြင်း ခံခဲ့ရပါတယ်။

ယခုရရှိတဲ့ဒဏ်ရာကြောင့် ဟာလက် ဟာ အော့ကလန် ကလက်ဆစ်ပြိုင်ပွဲကိုပါ ထပ်မံလွဲချော်တော့မှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN