(စီးပွားရေး) ဒီဇင်ဘာ ၃၀
တရုတ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသားများ သွားလာမှုအဆင်ပြေစေရန်အတွက် ဗီဇာကြေး လျှော့ချခြင်းကို တရုတ်ကောင်စစ်ဝန်ရုံးက အချိန်ကာလတိုးမြှင့်သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဗီဇာကြေးလျော့ချမှုကာလအား ထပ်မံတိုးမြှင့်သည့်အနေဖြင့် တရုတ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအနေနဲ့ လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
လျော့ချပေးခဲ့သည့် ဗီဇာကြေး၌ မြန်မာနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံသို့ (၁)ကြိမ်ပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာ၊ (၂) ကြိမ်ပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ ၅၆ ဒေါ်လာ၊ (၆)လအတွင်း အကြိမ်များစွာပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ ၃၀၀၊ (၁)နှစ်အထက် အကြိမ်များစွာပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ ၄၅၀ ကျသင့်မည်ဖြစ်ပြီး အမြန်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ လျှော့ချပေးသည့်ဗီဇာကြေးများမှာ မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပြီး မျှတခြင်းဆိုင်ရာ အခြေခံသဘောတရားအရ မြန်မာနိုင်ငံရှိ အခြားနိုင်ငံသားများအတွက် ဗီဇာကြေးသတ်မှတ်ချက် တူညီမှုမရှိဘဲ အသေးစိတ်ဗီဇာကြေးက ဗီဇာထုတ်ယူရန် သံရုံးမှပေးသည့် ပြေစာပေါ်ရှိ ငွေကြေးပမာဏကသာ အမှန်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
Telegram»…
https://t.me/positiveanglenews