စမ်းချောင်းမြို့နယ်ရှိ “ပန်းလှိုင်မိသားစု”ဆေးခန်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား


(ပြည်တွင်း) ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ ဖျာပုံလမ်း၊ အိမ်အမှတ်(၃၁)၊ “ပန်းလှိုင်မိသားစု”ဆေးခန်းရှေ့တွင် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ “ပန်းလှိုင်မိသားစု”ဆေးခန်းရှေ့တွင်ထားရှိသော အမြင့်(၂)ပေခွဲ၊ အရှည်(၄)ပေရှိ Generator မီးစက်အသေး(၂)လုံးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ကြောင့် ဆေးခန်းရှေ့ရပ်ထားသော YGN-…..Mark II ငွေမှင်ရောင် ယာဉ်မှာ နောက်မှန်ကွဲ၊ YGN …..Crown အနက်ရောင်ယာဉ်မှာ နောက်မှန်ကွဲ ဝဲ/ယာ မီးသီးကွဲ၊ နောက်ဘန်ကာပြုတ်ကျ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စိစစ်နိုင်ရန်အတွက် လူအသွားအလာများ ကန့်သတ်ထားရှိကာ အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ ဆက်သွယ်အကြောင်းကြားထားရှိကြောင်း ကနဦးသတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN