(ကျန်းမာရေး)ဒီဇင်ဘာ ၃၁
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုမှုများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
စတော်ဘယ်ရီသီးဟာ သူ့ရဲ့ အရောင်အဆင်းနဲ့ ပုံစံကြောင့်ရော၊ အရသာကြောင့်ရော ကလေးရော၊ လူကြီးပါမကျန် အတော်များများကြိုက်နှစ် သက်ကြတဲ့ အသီးလေးဖြစ်ပါတယ်။ စတော်ဘယ်ရီသီးလေးဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင်(အထူးသဖြင့် ဗီတာမင် C နဲ့ folic acid သို့ ဗီတာမင် B9) ၊ သတ္တုဓာတ်တွေ(potassium, magnesium, iron) ၊ အမျှင်ဓာတ်၊ ရေဓာတ်နဲ့ anti-oxidant တွေ ကြွယ်ဝတဲ့ သဘာဝသစ်သီးလေးပဲဖြစ်ပါတယ်။
စတော်ဘယ်ရီသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကတော့ –
ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း
ဗီတာမင်စီပါ၀င်တဲ့ အစားအစာကို စားပေးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါ တယ်။ စတော်ဘယ်ရီသီးဟာ ဗီတာမင်စီကြွယ် ၀နေတဲ့ အသီးအနှံဖြစ်တာကြောင့် စတော်ဘယ်ရီလှိုင်လှိုင်ပေါချိန်မှာ မိမိရဲ့ တစ်နေ့တာ အစား အသောက်တွေထဲ မဖြစ်မနေ ပါ၀င်အောင်စားပေးသင့်ပါတယ်။
အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ခြင်း
စတော်ဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီများစွာပါ၀င်တာကြောင့် အသက်ကြီးလာသူတွေမှာ ဖြစ်တတ်တဲ့ အမြင်အာရုံဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ မျက်စိအတွင်းတိမ် မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိမှန်ဘီလူးမှာရှိတဲ့ ပရိုတင်း တွေကို ပျက်စီးခြင်းမှတားဆီးပေးနိုင်ပါတယ်။
ကင်ဆာရောဂါကို ချေဖျက်ပေးနိုင်ခြင်း
ကင်ဆာဆဲလ်တွေကြီးထွားမှုကို နှိမ်နင်းပေးနိုင်တဲ့ Ellagic acid ဟာ စတော်ဘယ်ရီသီးမှာ ပါ၀င်တာကြောင့် ကင်ဆာရောဂါသည်တွေ စားသုံးရမယ့် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။
အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
ခန္ဓာကိုယ်မှ ကော်လဂျင်ဓာတ် ဆုံးရှုံးပါက အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကော်လဂျင်များစွာထုတ်ပေးနိုင်တဲ့ ဗီတာမင်စီကြွယ် ၀စွာပါ၀င်တဲ့ စတော်ဘယ်ရီသီးကို စားပေး ခြင်းဖြင့် အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။
မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးခြင်း
စတော်ဘယ်ရီသီးမှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက် စထရောတွေကိုလျှော့ချပေးပြီး နှလုံး ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း
စတော်ဘယ်ရီသီးမှာပါရှိတဲ့ အင်တီအောက်ဆီးဒင်နဲ့ phytochemicals (အပင်မှရတဲ့ ကောင်းသောဓာတုပစ္စည်း)တွေဟာ အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်စေတဲ့ အဆစ်ရောင်နာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
သွေးလည်ပတ်မှုကောင်းစေခြင်း
စတော်ဘယ်ရီသီးမှာပါ၀င်တဲ့ ပိုတက်ဆီယမ်ဟာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဆီးချိုသွေးချိုဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
အမျှင်ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်စေတဲ့ ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချို သွေးချိုအမျိုးအစား (2) ဖြစ်ခြင်းမှ အတိုင်း အတာတစ်ခုအထိ တားဆီးပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ကိုယ်အလေးချိန်ထိန်းထားနိုင်ခြင်းဟာ ဆီးချိုသွေးချိုအမျိုးအစား (2) ရောဂါနဲ့ နှလုံးရောဂါ မဖြစ်အောင်ကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စတော်ဘယ်ရီသီးမှာ အဆီပါ၀င်မှုမရှိတဲ့ အပြင် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေ စားသင့်တဲ့အသီးအနှံဖြစ်ပါတယ်။
သန္ဓေသားကျန်းမာရေးအတွက် ကောင်းစေခြင်း
ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် ကိုယ် ၀န်ဆောင်ဖို့ အစီအစဉ်ရှိသူတွေဟာ သန္ဓေသားရဲ့ဦးနှောက်၊ ဦးခေါင်းခွံ၊ နာဗ်ကျောရိုးပုံမှန်အတိုင်း ဖွံ့ဖြိုးအောင်၊ မွေးရာပါချို့ယွင်းချက် မရှိအောင် ဖောလစ်အက်ဆစ်ဓာတ်ကြွယ်၀တဲ့ စတော်ဘယ်ရီသီးကို စားပေးဖို့လိုအပ်ပါတယ်။
အသားအရေအတွက် အထောက်အကူပြုခြင်း
အထူးသဖြင့် ဗီတာမင် C ကြွယ်ဝတာကြောင့် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အသားအရေကို တောက်ပကြည်လင်စေပါတယ်။
ဗီတာမင် C မှာ anti-inflammatory လို့ခေါ်တဲ့ ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ ဂုဏ် သတ္တိလည်းရှိတာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။
အသားအရေ တင်းရင်းအောင် မရှိမဖြစ်လိုအပ်တဲ့ collagen ကိုလည်း ထုတ်ဖို့အတွက် လှုံဆော်ပေးနိုင်ပါတယ်။
Antioxidant ဂုဏ်သတ္တိရှိတဲ့အတွက် နေရာင်ခြည်မှာပါဝင်တဲ့ UV Light လို့ခေါ်တဲ့ ခရမ်း လွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးတဲ့ အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
စတော်ဘယ်ရီသီးစားခြင်းအားဖြင့် စတော်ဘယ်ရီသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် အသား အရေအတွက် ကောင်းစေရုံတင်မကဘဲ အောက်ပါ ကောင်းကျိုးတွေကိုလည်း ရရှိစေနိုင်ပါတယ် –
• သွေးတွင်းအဆီဓာတ်တွေကို ထိန်းပေးနိုင်ခြင်း၊ ကိုလက်စထရောကို လျော့နည်းစေခြင်း။
• ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်း။
• သွေးပေါင်ချိန်နဲ့ သွေးတွင်းအချိုဓာတ် ကို ထိန်းညှိပေးနိုင်ခြင်း။
• စိတ်ကို ပျော်ရွှင်စေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်တဲ့ serotonin ဟော်မုန်းကို အားပေးနိုင်ခြင်း။
• အနာကျက်လွယ်စေခြင်း စတဲ့ အကျိုးကျေး ဇူးတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။
စတော်ဘယ်ရီသီးပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို လိမ်းတာနဲ့ ပတ်သတ်ပြီး အသားအရေကို အထောက် အကူဖြစ်၊ မဖြစ်ကိုတော့ တိကျသေချာတဲ့ လေ့လာတွေ့ရှိချက်အများကြီး မရှိသေးပေမယ့် ၂၀၁၉ မှာ တွေ့ရှိချက်တစ်ခုအရတော့ စတော်ဘယ်ရီသီးကထုတ်ယူရရှိထားတဲ့ ဗီတာမင် C နဲ့ ကုသတဲ့ ကုထုံးတွေမှာ အသားအရေအတွက် ရေဓာတ်ထိန်းပေးနိုင်ခြင်း၊ အသားအရေကို တင်းရင်း ကြည်လင်စေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိတယ်လို့ ဆိုထားပါတယ်။
ဆံပင်မကျွတ်အောင် ကာကွယ်ပေးခြင်း
စတော်ဘယ်ရီ မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ဆံသားကျန်းမာရေးကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်ပါတယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သံဓာတ်နည်းလို့ပါ။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ ကင်းစေချင်ရင် စတော်ဘယ်ရီ စားပြီး ဆံသားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်နိုင်ပါတယ်။
(Crd: Dr Myanmar ၊ Hello ဆရာဝန်)
#PAN