ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမည်


(စီးပွားရေး) ဒီဇင်ဘာ ၃၀

ကိုရီးယား‌နိုင်ငံတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေနဲ့ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာတွင် Glow Mate Application ကို ပြောင်းလဲအသုံးပြု သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှစတင်ကာ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လူကိုယ်တိုင်သွားရောက်၍ ကြိုတင်ရက်ချိန်းယူသည့် စနစ်အစား Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဆောင်ရွက်နေသည့် Online Appointment စနစ်အသုံးပြုခဲ့ချိန်တွင် ကြုံတွေ့ခဲ့သည့် အခက်အခဲနှင့် အတွေ့အကြုံများကို အခြေခံပြီး ကောင်စစ်ဆိုင်ရာကိစ္စများကို ပိုမိုလွယ်ကူလျင်မြန်ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရန်ရေးအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရပါတယ်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြိုတင်ရက်ချိန်းယူမည့်သူများအ‌နေဖြင့် လက်ရှိအသုံးပြု နေသည့် Online Appointment စနစ်ကို ဆက်လက်အသုံးပြု နိုင်ပြီး မတ်လနောက်ပိုင်းအတွက် ရက်ချိန်းရယူမည့် သူများအနေဖြင့် ဒီဇင်ဘာလ ၂၇ ရက်မှစတင်ကာ Glow Mate Application မှတစ်ဆင့် ကြိုတင်ရက်ချိန်း ယူရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN