မြဝတီခရိုင်ရဲတပ်ဖွဲ့မှုးရုံးကို KNU /PDF ကဒရုန်းဗုံးဖြင့် တိုက်ခိုက်


(ပြည်တွင်း) ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲစခန်းအား KNU /PDF များမှ ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခရိုင်ရဲတပ်ဖွဲ့မှုရုံးအား ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် သောင်းကျန်းသူများမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သော်လည်း ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိကြောင်း သိရသည်။

သောင်းကျန်းသူများ၏ ဒရုန်းဗုံးနှစ်လုံးမှာ ခရိုင်ရဲစခန်းဝန်း၏ အနောက်အဝင်ဝ၌ ကျရောက်ပေါက်ကွဲသဖြင့် ရဲတပ်သား ၃ ဦး၊ မှီခိုသူ ၁ ဦးစုစုပေါင်း(၄)ဦး မစိုးရိမ်ရအသီးသီးဒဏ်ရာရရှိကြသဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့​ဆောင်ကာဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN