လွိုင်မွေဒေသ၏ စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီလအတွင်း ကျင်းပမည်

(ပြည်တွင်း) ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)မှ သိရပါတယ်။

အဆိုပါ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ချယ်ရီပန်းများပွင့်တဲ့ကာလမှာ ပွဲတော်ကာလကို ငါးရက်သတ်မှတ်ပြီး ကျင်းပမှာဖြစ်ပါတယ်။

ပန်းပွင့်စုံတဲ့အချိန်ကို ခန့်မှန်းရပြီး ပန်းပွင့်တဲ့အနေအထားပေါ်မူတည်ကာ ပြုလုပ်ရတာဖြစ်လို့ ပွဲတော်ကျင်းပမဲ့ရက်ကို တိတိကျကျသတ်မှတ်ရခြင်းမရှိသေးကြောင်း သိရပါတယ်။

လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းတွင် ကျင်းပနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်) ရဲ့ တာဝန်ရှိသူက ခန့်မှန်းပြောကြားထားပါတယ်။

ပန်းပွဲတော်တွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေပေးခြင်း၊ ဒေသခံတိုင်းရင်းသား အဆိုတော်များက တေးဂီတဖျော်ဖြေပေးခြင်းနှင့် ဒေသထွက်ကုန်ရောင်းချခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။(

#PAN