စားအုန်းဆီတင်သွင်းမှု ၃ဝ ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာလျှင် ၂,၁ဝဝ ကျပ်ဖြင့် ဗဟိုဘဏ်မှ ရောင်းချပေး


(စီးပွားရေး) ဒီဇင်ဘာ ၂၈

ပြည်ပနိုင်ငံမှ စားအုန်းဆီတင်သွင်းရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေး သည့် ပမာဏ၏ ၃ဝ ရာခိုင်နှုန်းအတွက် အမေရိကန် တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေ များ ထုတ်ရောင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (MEODA) သိရပါတယ်။

လက်ရှိမှာ MEODA အနေဖြင့် စားအုန်းဆီကို ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းထက် ပိုမရောင်းရန်နှင့် ဝေးလံသည့် ဒေသများမှာ အဆင့်ဆင့်အမြတ်တင်ရာတွင် ၁ဝ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့်သာရောင်းချရန် အသင်းဝင်ကုမ္ပဏီ များနှင့် စားသုံးဆီကိုယ်စားလှယ်များကို အသိပေးထားပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်မှုကော်မတီက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံ များမှာ ဖြစ်ပေါ်လျက်ရှိတဲ့ ဈေးကွက်ဈေးနှုန်းအပေါ် အခြေခံပြီး လက်ရှိသီတင်းပတ်အတွက် ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာလျှင် ငွေကျပ် ၇,၂၅ဝ ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ အသုံးပြုကြတဲ့ စားအုန်းဆီကို နိုင်ငံတော်၏ မူဝါဒအရ ဆီလိုအပ်ချက်ရဲ့ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချ ပြီး တင်သွင်းခွင့်ပြုထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN