(ကျန်းမာရေး)ဒီဇင်ဘာ ၂၈
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin Kအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဗီတာမင် K ဆိုတာဘာလဲ
ဗီတာမင် K ဟာ ဗီတာမင် K 1 နဲ့ K 2 ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဗီတာမင် K 1 အပင်တွေကရတဲ့ အစား အစာတွေမှာ တွေ့ရပြီး ဗီတာမင် K 2 ကိုတော့ တိရိစ္ဆာန်တွေကရတဲ့ အစားအစာတွေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေက ရနိုင်ပါတယ်။ ဗီတာမင် K ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ သွေးခဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်သော Nutrients တစ်မျိုး ဖြစ်ပါတယ်။ အူမကြီးအတွင်းရှိ ဘက်တီးရီးယားများက ဗီတာမင် K ကို ထုတ်လုပ်ပေးနိုင်တာကြောင့် ချို့တဲ့ခြင်း ရှားပါးပါတယ်။
ဗီတာမင် K ရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ
ဗီတာမင် K1 က coagulation ဆိုတဲ့ သွေးခဲခြင်းကို ထောက်ပံ့ပေးတဲ့အထဲမှာပါဝင်တယ်။ ဗီတာမင် K2 က ခန္ဓာကိုယ်ထဲက Calcium ဓါတ်တွေကို ရှိသင့်တဲ့ နေရာမှာရှိစေပြီး မရှိသင့်တဲ့နေရာမှာ မရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင် K2 က Calcium ကို အရိုး၊ သွားတွေဆီကို ပို့ပေးပြီး၊ သွေး ကြောထဲမှာတော့ မရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင် K2 ဟာ အရိုး နဲ့ သွားများ သန်မာအားကောင်းဖို့အတွက် အရေးပါတဲ့အပြင် နှလုံးသွေး ကြောတွေထဲမှာ ကယ်လစီယမ်တွေ စုပုံပြီးမနေအောင် လုပ်ပေးပါတယ်။ Vitamin-K ရဲ့ အကျိုးကျေးဇူးတွေကတော့ –
• American Journal of Clinical Nutrition ရဲ့ ဖော်ပြချက်အရ ဗီတာမင် K က ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ ကျစေတယ်လို့ ဆိုပါတယ်။
• အရိုးပွခြင်းကို ကာကွယ်ပေးတယ်။
• ထိမိခိုက်မိတဲ့အခါ ကောင်းမွန်စွာသွေးခဲစေတယ်။
• နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်။
• ဦးနှောက်ဆဲလ်တွေအတွက် အရေးပါတဲ့ sphingolipids များ ထုတ်လုပ်မှုမှာ ပါဝင်ပေးပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတယ်။
• ဆီးချိုရောဂါရှင်တွေမှာ အင်ဆူလင်ဓါတ်မယဥ်ပါးအောင် insulin sensitive ဖြစ်အောင် ကူညီပေးတယ်။သိရမှာကတော့ ဗီတာမင် K က Vitamin ပဲ ဖြစ်တာကြောင့် ရောဂါတခုခုဖြစ်နေတဲ့အခါ သူနဲ့တတ်နိုင်တဲ့အပိုင်းကိုပဲ ကူညီနိုင်ပြီး လုံးဝပျောက်ကင်းဖို့ကတော့ သက် ဆိုင်ရာဆေးဝါးတွေ၊ အစားအသောက်တွေ နဲ့ အပြုအမူအနေအထိုင်တွေ ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။
• ဗီတာမင် K ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်းဟာ အလျင် အမြန် သက်သာပျောက် ကင်းသွားမှာဖြစ်ပြီး တောက်ပရွှန်းစိုလှပကျန်းမာတဲ့ မျက်ဝန်းအစုံကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဗီတာမင် K ချို့တဲ့ခြင်း
စားတဲ့အစားအစာတွေကနေ ဗီတာမင် K ကို လုံ လောက်စွာရနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းအကြိမ်ရေများများ သွားတဲ့အခါ၊ အစာခြေရည်တွေ ကောင်း ကောင်း မထုတ်နိုင်တော့တဲ့အခါ အဆီမှာပျော်တဲ ဗီတာမင်ဓါတ်တွေ ချို့တဲ့တတ်ပါတယ် (ဥပမာ – သည်းခြေအိတ်ထုတ်ထားသူများ) ၊ နာတာရှည်ကျောက်ကပ်ဆေးနေရသူများ၊ ပိုးသတ်ဆေး (ပဋိဇီဝဆေး) တွေကို အချိန်အကြာကြီးစွဲသောက်ရသူတွေမှာလည်း ဗီတာမင်ဓါတ်တွေ ချို့တဲ့နိုင်ပါတယ်။ ဗီတာမင် K ချို့တဲ့သူတွေထဲမှာ အူလမ်းကြောင်းရောဂါရှိသူတွေလိုမျိုး ဗီတာမင် K ကို မစုပ်ယူနိုင်သူတွေ ပါ ဝင်ပါတယ်။ ဗီတာမင် K ချို့တဲ့ရင် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကတော့ –
• သွေးမတိတ်ခြင်း ။ ဗီတာမင် K ရဲ့အဓိကလုပ်ဆောင်မှုက သွေးခဲခြင်းဖြစ်တာကြောင့် သူ့ကိုချို့တဲ့နေပြီဆိုရင် အနာဖြစ်တိုင်း သွေးထွက်များတတ်ပါတယ်။ ခန္ဓါကိုယ်အတွင်းရောအပြင်ရော အတူတူပါပဲ။ ပိုသိသာတဲ့လက္ခဏာတွေက သွားဖုံးသွေးထွက်တာ၊ မကြာခဏ နှာခေါင်းသွေးလျှံတာတွေဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာသေးသေးလေးဖြစ်ရင်တောင် သွေးထွက်များပြီး မတိတ်တာတွေဖြစ်တတ်ပါတယ်။
• ရာသီသွေးဆင်းများခြင်း ။ ဗီတာမင် K ချို့တဲ့တဲ့အမျိုးသမီးတွေမှာ ရာသီလာတဲ့အခါ သွေးဆင်းများတတ်ပါတယ်။ ရာသီလာရင် တစ်ပတ်လောက်ကြာတာ ဒါမှမဟုတ် တစ်နာရီလောက်တစ်ခါ လစဉ်သုံးပစ္စည်းလဲရတဲ့အထိ သွေးဆင်းများတာ ဆိုရင် ပုံမှန်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ သွေးဆင်းတာများလွန်းရင်လည်း သွေးအားနည်းရောဂါဖြစ်လာနိုင်ပြီး အားကုန်နုံးချိတာ၊ ဘာလုပ်လုပ်ပင်ပန်းနေတာ တွေဖြစ်လာနိုင်ပါတယ်။
• ကလေးလေးတွေမှာ အအိပ်များလွန်းခြင်းနဲ့ပျို့အန်ခြင်း ။ ပြင်းထန်လာရင် ဗီတာမင် K ချို့တဲ့မှုက ကလေးတွေမှာ ဦးနှောက်တွင်း သို့မဟုတ် ဦးနှောက်တဝိုက်မှာ သွေးယိုစေနိုင်ပါတယ်။ အဲ့သည့်အခါ ကလေးတွေမှာ အရမ်းဂျီကျတာ၊ အရမ်းအိပ်လွန်းတာတွေဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကလေး မထတမ်းအိပ်လွန်းရင် နည်းနည်းသတိထားပါ။ ပျို့အန်တာ၊ တက်တာ တွေကလည်း ကလေးတွေမှာချို့တဲ့ရင် ဖြစ်တတ်တဲ့လက္ခဏာပါ။ အသား အရေဖြူဖတ်ဖြူရော် ဖြစ်တာ၊ သွားဖုံးတွေအရောင်ဖျော့တော့တာတွေလည်း ပါဝင်ပါတယ်။
• အရိုးအားနည်းခြင်း ။ ဗီတာမင် K က အရိုးတည် ဆောက်မှုမှာပါဝင်တာကြောင့် သူ့ကိုချို့တဲ့ရင် အရိုးသိပ်သည်းမှုအားနည်းစေနိုင်ပါတယ်။ ဗီတာမင်K သောက်သုံးမှုများရင် တင်ပါးဆုံရိုး ကျိုးအက်မှုဖြစ်နိုင်ခြေနည်းစေနိုင်တယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ အရိုးပွရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ ခါးနာတာ၊ ကိုယ်အလေးချိန်လျော့တာ၊ ခါးကိုင်းတာ၊ ကျိုးအက်မှုတွေ ဖြစ်လွယ်တာတွေပါဝင်ပါတယ်။
• ရင်ဘတ်အောင့်ခြင်းနဲ့ ရင်တလှပ်လှပ်တုန်ခြင်း ။ ဗီတာမင် K ချို့တဲ့ခြင်းက နှလုံးရောဂါအန္တရာယ်နဲ့ဆက်နွှယ်နေပါတယ်။ ရင်ဘတ်အောင့်ခြင်းက နှလုံးရောဂါရဲ့သိသာတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ သည်ဝေဒနာက စိတ်ဖိစီးမှု သို့မဟုတ် ခန္ဓါကိုယ် လှုပ်ရှားမှုတစ်ခုခုကြောင့် ဖြစ်လာနိုင်ပါတယ်။ နောက် ပိုင်းကျရင် ဇက်၊ လက်၊ခါး၊ မေးရိုး သို့မဟုတ် အစာ အိမ်တို့အထိ နာကျင်မှုပြန့်လာနိုင်ပါတယ်။ အသက်ရှူရတာပြတ်တောင်းပြတ် တောင်းဖြစ် သွားတာ၊ ရင်တုန်တာတို့လည်း ဖြစ်တတ်ပါတယ်။
• ဆီးချိုလက္ခဏာ ။ ဗီတာမင် K အားနည်းရင် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ ဆီးချိုလက္ခဏာတွေက ဆီးသွားရင်းများခြင်း၊ ရေအရမ်းငတ်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာကျက်နှေးခြင်း ၊ရုတ်တရက်ပိန်သွားခြင်းတို့ပါဝင်ပါတယ်။
ဗီတာမင် K တစ်နေ့တာ လိုအပ်တဲ့ ပမာဏ
ဗီတာမင် K တစ်နေ့တာလိုအပ်ချက်က 120 mcg (အသက် ၁၈ နှစ်အထက်အတွက်) ဖြစ်ပြီး ငယ်တဲ့ ကလေးတွေမှာတော့ ဗီတာမင် K တစ်နေ့တာလိုအပ် ချက် ပိုနည်းပါတယ်။
ဗီတာမင် K ကြွယ်ဝသော အစားအစာများ
ဗီတာမင်ကေဓာတ် ပါဝင်တဲ့ အစားအစာများက တော့ ပဲသီး၊ ကြိတ်ထားသော အမဲသား၊ အမဲ အသည်း၊ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ နွားနို့၊ မုန်လာဥ (ဝါ)၊ လိမ္မော်သီး၊ အာလူး၊ ဟင်းနုနွယ်၊ စတော်ဘယ်ရီ၊ ဂေါ်ဖီပန်းပွင့် စသည်တို့ ဖြစ်ကြပါတယ်။
(Crd: Nature’s Vitals ၊ Hello ဆရာဝန်)
#PAN