(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇
အစ္စရေးနိုင်ငံ Herzliya မြို့လယ်တွင် အစ္စရေး သက်ကြီးရွယ်အိုအရွယ် အမျိုးသမီးတစ်ဦး အကြမ်းဖက်တိုက်ခိုက်ခံရကြောင်းသိရသည်။
အဆိုပါ အမျိုးသမီးကြီးအား Herzliya မြို့လယ်ရှိ Kdoshei Hashoah လမ်းတွင် အကြမ်းဖက်သမားတစ်ဦးက ဓားဖြင့် ထိုးခုတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနေပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးများလုပ်ဆောင်နေကြောင်းသိရသည်။
နစ်နာသူအမျိုးသမီးကြီးသည် အလွန်ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးတပ်ဖွဲ့များ ကြိုးပမ်းနေကြောင်းသိရသည်။
အကြမ်းဖက်မှုကျူလွန်သူအားဖမ်းဆီးထားပြီ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews