အကြမ်းဖက်သမား ၂ ဦးက အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဆိုင်ပိုင်ရှင် သားအဖ ၂ ဦးအား လုယက်သတ်ဖြတ်


(ပြည်တွင်း) ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာရှိ “အောင်သိုက်ဦး” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် သားအဖ ၂ ဦးအား ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က လုယက်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြအိုကျွန်းကျေးရွာရှိ “အောင်သိုက်ဦး” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုဇေယျာထွန်း(ခ)အောင်သိုက်ဦးနှင့် ဦးနေလင်းဆိုသူတို့ဖြစ်ပြီး၊ မဇင်ဝေလင်း၊ အသက် ၃၃ နှစ်၊ (ဘ)ဦးနေလင်း သည် ခင်ပွန်းဖြစ်သူ ကိုဇေယျာထွန်း(ခ)အောင်သိုက်ဦး၊ အသက် ၄၀ နှစ်၊ (ဘ)ဦးမြင့်သိန်း နှင့် ဖခင်ဖြစ်သူ ဦးနေလင်း၊ အသက် ၆၀ နှစ်၊(ဘ)ဦးတင်တို့နှင့်အတူ ဆိုင်တွင်ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား ၂ ဦးမှ မျက်နှာတွင်အဝတ်များစီး၍ သေနတ်အရှည် ၂ လက် ကိုင်ဆောင်ကာ ဆိုင်၏မြောက်ဘက်မှရောက်ရှိလာပြီး ၎င်းတို့ထံမှ ပိုက်ဆံ သိန်း ၅၀ ကျပ်နှင့် မဇင်ဝေလင်း ဝတ်ဆင်ထားသော နားကပ်တစ်ရံ(ကာလတန်ဖိုး ၁၀ သိန်းကျပ်ခန့်)အား ချွတ်ယူပြီး ခင်ပွန်းဖြစ်သူနှင့် ဖခင်ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားပြီကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများသည် လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ပြီး၊ အခင်းဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၂ ခု တွေ့ရှိခဲ့ရကြောင်း သိရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့်ယင်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်း များအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN