ဝန်ဆောင်မှုကောင်းသော ယဉ်မောင်းများကို ပြည်သူမှရွေးချယ်ကာ YBS ယာဉ်မောင်းဆု ချီးမြှင့်မည်


(ပြည်တွင်း) ဒီဇင်ဘာ ၂၇

YBS ယာဉ်မောင်းတွေထဲက ဝန်ဆောင်မှုကောင်းပြီး ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးထား ဆောင်ရွက်တဲ့ ယာဉ်မောင်းတွေအတွက် ပြည်သူကရွေးချယ်ပေးတဲ့ ယာဉ်မောင်းဆုကို ချီးမြှင့်ပေးသွားမယ်လို့ YRTC ကနေ သိရပါတယ်။ အရင်က စံပြယာဉ်မောင်းဆုနဲ့ တာဝန်သိယာဉ်မောင်းဆုတွေပဲ ချီးမြှင့်ခဲ့ရာကနေ အခုနှစ်မှာတော့ ပြည်သူက ရွေးချယ်ပေးတဲ့ ယာဉ်မောင်းဆုကိုပါ ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်သွားမှာဖြစ်တယ် လို့ ဆိုပါတယ်။

ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကိုတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ပြည်သူက ရွေးချယ်ပေးတဲ့ဆုကို လူမှုကွန်ရက်တွေကနေတစ်ဆင့် ရွေးချယ်ပေးတဲ့ယာဉ်မောင်းတွေကို ချီးမြှင့် သွားမယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲတုန်းကတော့ စံပြဆုရရှိတဲ့ယာဉ်မောင်း ၄၄ ယောက်နဲ့ တာဝန်သိ ယာဉ် မောင်းဆု ၅၄ ယောက်ကို ဂုဏ်ပြုဆုချီးမြှင့်တာတွေနဲ့အတူ ခရီးသည်ပို့ဆောင်ရေး တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်ခဲ့ကြတဲ YBS ယာဉ်လိုင်း ကုမ္ပဏီ ၂၁ ခုကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ အမှတ်တရလက်ဆောင်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဂုဏ်ပြုဆုချီးမြှင့်ရာမှာလည်း စံပြဆုရရှိသူတစ်ယောက်ကို ကျပ် ၄ သိန်းစီ၊ တာဝန်သိ ယာဉ်မောင်းဆုရရှိသူတစ်ယောက်ကို ကျပ် ၂ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN