(ပြည်တွင်း) ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ်၊ဆည်ကန်ကျေးရွာအုပ်စု၊ဆည်ကန်ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူးဟောင်းတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ပစ်သတ်သွားကြောင်း သိရသည်။
ယမန်နေ့မွန်းတည့်ချိန်တွင် ဆည်ကန်ကျေးရွာနေ ဦးဘိုသန်း၊ ၆၄ နှစ်၊ (ဘ)ဦးရွှေဘိုစိ(ယခင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှုး)သည် ၎င်း၏နေအိမ်တွင်ရှိနေစဥ် အကြမ်းဖက်အဖွဲ့ဝင် ၅ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးဘိုသန်းအား ဖမ်းဆီးခေါ်ဆောင်သွားကာ ဆည်ကန်ကျေးရွာအနောက်ဘက် ရေကန်အနီး ခရိုင်ချင်းဆက်လမ်းမပေါ် အရောက်တွင်သေနတ်အတိုဖြင့် ဝဲနားထင်အားတေ့၍ ပစ်သတ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားအဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးဘိုသန်းတွင် ဝဲနားထင် ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews