နေပြည်တော်အတွင်းက လယ်ယာမြေတွေပေါ်က ကျူးတွေကို SOP နဲ့အညီ ရှင်းလင်းမယ်


(ပြည်တွင်း) ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းက လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းနိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဒီဇင်ဘာ ၂၆ ရက်နေ့မနက်ပိုင်းက နေပြည်တော်ကောင်စီရုံးမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာလယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (StandardOperating Procedure- SOP) နဲ့ဖြေရှင်းနိုင်ဖို့ဆွေးနွေးခ​ြံကြတယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။

စိုက်ပျိုးမြေများသုံးစွဲမှုနဲ့ပတ်သက်လို့ စိုက်ပျိုးမြေတွေကို အခြားနည်းတွေနဲ့ ကျူးလွန်သုံးစွဲနေတာကြောင့် နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဲ့ဒီအစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြေအသုံးချမှုနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြဋ္ဌာန်းဥပဒေတွေနဲ့အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ပြောပါတယ်။

လယ်ယာမြေတွေ စိုက်ပျိုးမြေတွေ မလျော့ပါးစေရေး၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်း နိုင်ဖို့နဲ့ နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် SOP နဲ့အညီ ဘက်စုံထောင့်စုံစိစစ်ပြီး စနစ်တကျ ဆောင်ရွက်ကြဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ လယ်ယာမြေကို အခြာနည်းအသုံးပြုခွင့် လျှောက်ထားလာမှုတွေနဲ့ စပ်လျဉ်းပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ အလေးထားဆောင်ရွက်ကြရမှာဖြစ်တယ်လို့ကောင်စီဥက္ကဋ္ဌကပြောဆိုခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN