(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇
သဘောထားတင်းမာသည့် သမ္မတထရမ် ကျမ်းကျိန်ပွဲမတိုင်မှီ ကျောင်းဝင်းအတွင်း အမြန်ပြန်ဝင်ကြရန် အမေရိကန်ရှိ တက္ကသိုလ်များက တိုက်တွန်းလျက်ရှိသည်။
နိုင်ငံတကာမှ ကျောင်းတက်ရန်ရောက်ရှိနေသည့် ကျောင်းသားများသည် ဆောင်းရာသီအားလပ်ရက်များ သွားလာနေကြခြင်းကြောင့် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်။
ရွေးကောက်ခံသမ္မတထရမ့်သည် အမေရိကန်နိုင်ငံအတွင်းသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသူများအား တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ကျင့်သုံးမည်ဟု ကတိပြုထားသည်။
နိုင်ငံတကာ ကျောင်းသားများအတွက် ကြောက်စရာကောင်းသည့် အချိန်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံပညာသင်ကြားနေသည့် အိန္ဒိယ ကျောင်းသူတစ်ဦးကဆိုသည်။
ရွေးကောက်ခံသမ္မတ ထရမ့်သည် လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်သစ္စာဆိုမည်ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews