(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား ပီဇာပို့သူက ဓားနှင့် ၁၄ ချက်ထိုးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပီဇာပို့ဆောင်သည့်အမျိုးသမီးသည် ဘောက်ဆူး ၂ ဒေါ်လာသာပေးသည့်အတွက် မကျေမနပ်ဖြစ်ပွားကာ ယခုလိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
တရားခံသည် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအား ဓားဖြင့် ၁၄ ချက်အထိ ထိုးခဲ့ခြင်းကြောင့် နယ်မြေခံဆေးရုံကို တင်ပို့ခဲ့ရသည်။
ကိုယ်ဝန်ဆောင်သည်အမျိုးသမီးသည် အဆုတ်ပေါက်ပြဲခဲ့သည့်အပြင် ဝမ်းဗိုက်၊ လက်၊ ခြေထောက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများစွာရခဲ့သည့်အတွက် အရေးပေါ်ခွဲစိတ်ကုသမှုခံယူနေရကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သည့် ပီဇာပို့ဆောင်သူအမျိုးသမီးအား သတ်ဖြတ်ရန်ကြိုးပမ်းမှုအပါအဝင် အမှုပေါင်းများစွာဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews