ကရင်ပြည်နယ် ဘားအံမြို့တွင် ကရင်နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်မှုများပြုလုပ်


(ပြည်တွင်း) ဒီဇင်ဘာ ၂၇

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲတော်အတွက် ကရင်ပြည်နယ် ဘားအံ မြို့တွင် ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ(ဘားအံ)မှ သိရပါတယ်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ထားရာ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က ကရင်နှစ်သစ်ကူးပွဲတော်ကို တစ်ကြိမ်ကျင်းပခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ပြာသိုလဆန်း ၁ ရက်နေ့ ဖြစ်တဲ့အတွက် ကရင်နှစ်သစ်ကူးပွဲတော်ကို ထပ်မံကျင်းပရန် ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေးကျေးရွာကွင်း၌ ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။

အဆိုပါ ကျင်းပပြုလုပ်မယ့် ကရင်နှစ်သစ်ကူး ပွဲတော်ဖွင့်ပွဲသို့ လာရောက်သူများကို အာဟာရဒါနဖြင့် ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN