(မှုခင်း) ဒီဇင်ဘာ ၂၆
ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ အမှတ်(၁၄၀)ဆရာစံလမ်မကြီးရှိ A K-STORE ဆိုင်တွင်ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က လုယက်မှုဖြစ်ပွားကြောင်း သိရသည်။
အခင်းဖြစ်စဉ်တွင် ဆိုင်ပိုင်ရှင် မအေးအိခိုင်၊ ၃၅ နှစ်၊ (ဘ)ဦးဝါတင့်သည် ဆိုင်အတွင်း တစ်ဦးတည်းရှိစဥ် အမျိုးသား နှစ်ဦးမှဝင်ရောက်ပြီး ဓားဖြင့်ထိုး၍ ရွှေဆွဲကြိုးတစ်ကုံးနှင့် ဖုန်းတို့ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲံကြောင်း သိရသည်။
အဆိုပါ ဓားဖြင့်အထိုးခံရမှုကြောင့် မအေးအိခိုင်သည် အခင်းဖြစ်ရာနေရာတွင် သေဆုံကြောင်း၊ လူသတ်လုယက်သူ နှစ်ဦးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဆောင်ရွက်လက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews