အာဆက်သစ္စာခံများ၏ တိုက်ခိုက်မှုကြောင့် သူပုန်အစိုးရလက်အောက်ခံအဖွဲ့များသေဆုံး


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၆

ဆီးရီးယားတွင် အာဆက်သစ္စာခံအဖွဲ့များ တိုက်ခိုက်မှုကြောင့် သူပုန်အစိုးရလက်အောက်ခံအဖွဲ့များ သေဆုံးခဲ့ကြောင်းသိရသည်။

အာဏာရှင်အာဆက်အားဖြုတ်ချကာ ယာယီအစိုးရဖွဲ့စည်းထားသည့် သူပုန်အဖွဲ့ဝင်များနှင့် အာဆက်သစ္စာခံအဖွဲ့အချို့ မြေထဲပင်လယ် ဆိပ်ကမ်းတစ်ခုအနီး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။

သူပုန်အစိုးရအဖွဲ့များသည် အာဆက်လက်ထက် နာမည်ဆိုးနှင့် ကျော်ကြားသည့် အကျဉ်းထောင် အရာရှိတစ်ဦးအား ဖမ်းဆီးရန်ကြိုးစားစဉ် ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် သူပုန်အစိုးရလက်အောက်ခံအဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး အာဆက်သစ္စာခံအဖွဲ့ဝင် ၄ ဦးပါသေဆုံးကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနီးရှိမြို့အချို့အား ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရပြီး သူပုန်အစိုးရဘက်မှ စစ်ကူများလည်း ထပ်မံဖြည့်တင်းခဲ့ကြောင်းသိရသည်။

ဆီးရီးယားတွင် ပြီးခဲ့သည့် ၂ ပတ်ခန့်က ကာလရှည် အုပ်ချုပ်ခဲ့သည့် အာဏာရှင် အာဆက်အားဖြုတ်ချခဲ့ပြီးနောက် HTS အမည်ရှိ အစ္စလာမ္မစ်သူပုန်အဖွဲက တိုင်းပြည်အာဏာကို ယာယီအစိုးရဖွဲ့က ရယူခဲ့ခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN